ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မက်ဆီ ဘာစီလိုနာက ထွက်သွားချင်ပြီ
သမိုင်းတလျှောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တယောက်လို့ ဆိုကြတဲ့ လိုင်ယွန်နယ် မက်ဆီက သူ ထွက်သွားချင်ပြီလို့ ပြောလိုက်ပါတယ်။ ဘောလုံးလောက ထွက်သွားတော့မယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။ သူ ၁၂ နှစ် အရွယ်ကတည်းက ကစားလာခဲ့တဲ့ ဘာစီလိုနာ အသင်းကနေ ထွက်သွားချင်ပြီလို့ ပြောလိုက်တာပါ။ လိုင်ယွန်နယ် မက်ဆီက ဒီနွေရာသီမှာပဲ အသင်းကနေ ထွက်သွားတော့မယ်လို့ ဘာစီလိုနာကို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းကတော့ ပြောင်းရွှေ့ကြေး မပါဘဲနဲ့ သွားခွင့် ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကိုကျော်ဇေယျက ပြောပြမှာပါ။