ပြည်ထောင်စု သဘောတူ စာချုပ်မှာ ဘယ်လိုအချက်တွေ ပါဝင်လဲ

သြဂုတ်လ ၂၀ ရက်နေ့၊ ဒီကနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော်မှာကျင်းပခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကနေ ပြီး ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် ညီလာခံမှာ ချုပ်ဆိုဖို့ရှိတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃) မှာပါဝင်တဲ့အချက်တွေကို အတည်ပြုခဲ့ပါတယ်။

ပြည်ထောင်စု သဘောတူစာချုပ်မှာ ပါဝင်မယ့် ဘယ်လိုအချက်တွေကို အတည်ပြုခဲ့တာပါလဲ။ ဒီအစည်းအဝေးကို ကိုယ်တိုင် သတင်းသွားယူ ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုအောင်သူရက နေပြည်တော်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။