သရီးဒီ ဖက်ရှင် ပြပွဲ ဖန်တီးသူ

ဖက်ရှင် ကုန်ထုတ်လုပ်ငန်းတွေ အတွက် ဖက်ရှင် ရက်သတ္တပတ် ဆိုတာက အင်မတန်မှ အရေးပါပါတယ်။ အဲဒီရက်တွေ ရောက်တဲ့ အခါမှာ ကိုယ်ထုတ်လုပ်ထားတဲ့ ဒီဇိုင်းအမျိုးမျိုးကို ပရိသတ်တွေ သိအောင် လူမြင်ကွင်းရှေ့ ချပြရတာမျိုးပါ။ အခုတော့ ကိုဗစ်၁၉ ကြောင့် ဖက်ရှင်ပြပွဲတွေလည်း နောက်ကိုရွှေ့ဆိုင်းလိုက်ရသလို၊ ဖျက်သိမ်းလိုက်ရတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် အမေရိကားက ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ အန်နီဖာ အမ်ဘူယမ်းဘား ကတော့ သူရဲ့ ဒီဇိုင်းတွေကို ဒီတပတ်မှာ ကျရောက်တဲ့ ဖက်ရှင်နေ့ရက်တွေမှာ ချပြခဲ့ပါတယ်။ သူက တီထွင်ဆန်းသစ်တဲ့ သရီးဒီ နည်းလမ်းနဲ့ ဒီဇိုင်းတွေကို ချပြခဲ့တာလည်း ဖြစ်ပါတယ်။ ကိုတင်အောင်ကျော်က ဆက်ပြီးပြောပြပေးမှာပါ။