ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းမှာ အစိုးရ အပြင် ဘုရင်စနစ်ကိုပါပြောင်းဖို့ ကျောင်းသားတွေ တောင်းဆို
ထိုင်းနိုင်ငံမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို လူ နှစ်သောင်းလောက် ပါဝင် ခဲ့ကြပါတယ်။
ထိုင်း အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ နိုင်ငံရပ်ခြား ခရီးသွားတွေ မလာတော့တဲ့ အတွက် စီးပွားရေး ထိခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် အစိုးရအပေါ်မှာ လူထုရဲ့ စိတ်ပျက်မှုတွေ ဖြစ်နေချိန်မှာ အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။
ကျောင်းသားတွေဟာ ထိုင်းဘုရင် စနစ်ကိုလည်း ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့တဲ့ အတွက် ဘုရင်ကို အလေးအမြတ်ထားတဲ့ ထိုင်းပြည်သူတွေ အကြားမှာ အံ့အားသင့်ဖွယ်ရာတွေလည်း ဖြစ်ခဲ့ရပါတယ်။ ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟက်ဒ်ရဲ့ သတင်းကို ကိုသိမ်းမြတ်ကဆက်ပြောပြပေးမှာပါ။