ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NLD လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်လုနီးပါးဖြစ်လို့ တိုင်းရင်းသားခေါင်းဆောင်ပြော
မကြာခင် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဝ ၊ ကေအိုင်အို၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း စတဲ့ အဖွဲ့တွေက မတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မျှော်လင့်သလောက် တိုးတက်မှုမရတဲ့အပြင် ရပ်လုနီးပါး ဖြစ်သွားတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
ဘာကြောင့် တိုးတက်မှု နှောင့်နှေးနေရတာလဲ။ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ နာယက ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ရဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာကို ဘီဘီစီသတင်းထောက် ကိုအောင်သူရက တွေ့ဆုံမေးမြန်းထားပါတယ်။