ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန်က အိမ်တွင်းအကြမ်းဖက်ခံရသူ အမျိုးသမီး
အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေအတွက် အန္တရာယ်တွေ အခက်အခဲတွေ ကြုံရတတ်ပါတယ်။ ကုလသမဂ္ဂ လူဦးရေ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ရဲ့ အမျိုးသား အဆင့် လေ့လာမှုတွေအရဆို ၈၇ ရာခိုင်နှုန်းသော အာဖဂန်အမျိုးသမီး တွေဟာ ကိုယ် စိတ် တခုခုကို အကြမ်းဖက်ခံရတာမျိုး အနည်းဆုံး တကြိမ်တော့ ကြုံဖူးကြတာကို တွေ့ခဲ့ရပါတယ်။ တချို့ ကိစ္စတွေမှာဆိုရင် လင်ယောက်ျားက ဖြစ်စေ ဆွေမျိုး သားချင်းတွေထဲက အမျိုးသားတွေကဖြစ်စေ နှာခေါင်းတွေ၊ နားရွက်တွေ ဖြတ်ပစ်တာမျိုးတွေကိုတောင်မှ ကြုံကြရတာ ရှိပါတယ်။ အဲဒီလို အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၂၈ နှစ် အရွယ် အမျိုးသမီး ဇာခါက သူ့အဖြစ်အပျက်တွေကို ဘီဘီစီကို ပြောပြထားပါတယ်။