ခွေးသားစားသုံးမှုအပေါ် တောင်ကိုရီးယားက မတူညီတဲ့ အမြင်များ

တောင်ကိုရီးယား နိုင်ငံမှာ နွေရာသီဆိုရင် ခွေးသားစားကြတဲ့ ဓလေ့ ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ခွေးကို အိမ်မွေးတိရစ္ဆာန်အဖြစ် တွင်တွင်ကျယ်ကျယ် မွေးမြူလာကြတာကြောင့် ဒီခွေးသား စားသုံးတဲ့ ဓလေ့ဟာ အငြင်းပွားစရာကိစ္စလို ဖြစ်လာပါတယ်။ ဒီလို ခွေးသား စားသုံးမှုကို ပိတ်ပင်ဖို့အတွက် အစိုးရကိုလည်း ဖိအားတွေ ရှိလာနေပါတယ်။ ဒီလို ခွေးသားစားခြင်းကို လက်ခံသူနဲ့ လက်မခံသူတွေရဲ့ မတူတဲ့ အမြင်တွေကို ကြည့်ကြရအောင်ပါ။ မသီဒါနွယ် က ပြောပြမှာပါ။