ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်စဖို့ဒ်က ကိုဗစ်ကာကွယ်ဆေး ရလဒ်ကောင်း
အောက်စဖို့ဒ် တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်စပ်ရေးမှာ မိုင်တိုင်အသစ် စိုက်ထူနိုင်လိုက်ကြပြီလို့ ဆိုပါတယ်။
သူတို့ ဖော်စပ်နေတဲ့ ကာကွယ်ဆေးကို ကနဦးအဆင့် လူ တထောင်ကျော်နဲ့ စမ်းသပ်ခဲ့ရာမှာ ဘေးကင်း လုံခြုံစိတ်ချရသလို လူတွေရဲ့ ကိုယ်ခံအားစနစ်ကိုလည်း လှုံ့ဆော်မှုပေးနိုင်တယ်လို့ ဆိုပါတယ်။
ယူကေအစိုးရကလည်း ကာကွယ်ဆေး အလုံးရေသန်း ၁၀၀ ကို မှာယူထားပြီ ဖြစ်ပါတယ်။
ဒါပေမယ့် တဘက်မှာ အခုလို အားရစရာ ရလဒ်တွေ တွေ့နေရပေမယ့် လက်တွေ့မှာ ဘယ်လောက်အထိ ကာကွယ်မှုပေးနိုင်သလဲ ဆိုတာကိုတော့ ပြောဖို့ စောလွန်းနေသေးပြီး နောက်တဆင့် လေ့လာမှု အကြီးစားတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။ ကိုသိမ်းမြတ်က ပြောပြမှာပါ။