ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ် မကူးအောင် ခပ်ခွာခွာ ဘယ်လို နေရမလဲ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြိုးပမ်းနေကြပါတယ်။ အစိုးရတွေကလည်း သူ့နိုင်ငံသားတွေကို ကူးစက် ပျံ့နှံ့မှုတွေ နည်းစေဖို့ နေထိုင် ပြုမူသင့်တဲ့ နည်းလမ်းတွေကို ချပြ ပညာပေးနေကြပါတယ်။ အဲဒီလို လုပ်မှ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့အစည်းတွေမှာ ဝန်မပိစေဘဲ ဖိအားတွေလျော့သွားနိုင်မှာလည်း ဖြစ်ပါတယ်။ အဲဒီနေထိုင်နည်းတွေထဲက တနည်းကတော့ လူတဦးနဲ့ တဦးကြား ပိုးမကူးစက်နိုင်လောက်တဲ့ အကွာအဝေးမှာ နေခိုင်းတဲ့ social distancing ဆိုတာပဲ ဖြစ်ပါတယ်။ မစန္ဒာဝင်းက ပြောပြမှာပါ။