ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
MH17 ပစ်ချသူတွေကို စတင်စစ်ဆေး
လွန်ခဲ့တဲ့ ၆ နှစ်လောက်က ယူကရိန်းပေါ် ဖြတ်ပျံသန်းလာခဲ့တဲ့ မလေးရှား လေကြောင်းက အမ်အိတ်ချ် 17 လေယာဉ်ကို ပစ်ချခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လူ ၄ ယောက်ကို နယ်သာလန်က ရှီပိုလ်မှာ မျက်ကွယ်ရုံးတင်စစ်ဆေးမှုတွေ စတင်လိုက်ပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ ဇူလိုင်လ ၁၇ ရက်နေ့က အဲဒီ MH17 လေယာဉ်ဟာ အမ်စတာဒမ် ရှီပိုလ် လေဆိပ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ဦးတည် ပျံသန်းလာခဲ့တာ ဖြစ်ပြီး ယူကရိန်း အရှေ့ပိုင်းမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီက အဲဒီ အဖြစ်ဆိုးမှာ အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။
ကိုအောင်သွင်က ပြောပြမှာပါ။