ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ ခရီးသွားလာမှု ကန့်သတ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေဟာ တရုတ်ပြည် ပြင်ပမှာ ဆက်လက် ဖြစ်ပွားနေရာမှာ ဥရောပ တိုက်က အီတလီမှာ အများဆုံး ဖြစ်လာပါတယ်။ သေဆုံးသူ ဦးရေဟာလည်း တရက်တည်းမှာ ၁၃၃ ယောက် ရှိခဲ့လို့ စုစုပေါင်း ၃၆၆ ယောက်အထိ တက်လာပါတယ်။ အဲဒါကြောင့်လည်း ကူးစက်မှုတွေ ဆက်လက် မပြန့်ပွားစေဖို့ အတွက် လူအများအပြားကို အသွားအလာ ကန့်သတ်မှုတွေ လုပ်ထားပြီ ဖြစ်ပါတယ်။
ကိုရင်မောင် က ပြောပြမှာပါ။