ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ်လစ်ဒ်မှာ တိုက်ပွဲတွေကြား လူ တသန်းလောက် ပိတ်မိနေကြ
ဆီးရီးယား အနောက်မြောက်ပိုင်းမှာ တော့ သမ္မတ ဘာရှာ အဲလ် အာဆတ်ကို ထောက်ခံတဲ့တပ်တွေရဲ့ စစ်ရေး တိုက်ခိုက်မှုတွေ နောက်ပိုင်း အကြီးမားဆုံး လူအစုအလိုက်အပြုံလိုက် စွန့်ခွာမှုတွေဖြစ်နေပြီလို့ ကုလသမဂ္ဂကပြောပါတယ်။
သူပုန်တွေနောက်ဆုံးထိန်းချုပ်ထားတဲ့ အစ်ဒလစ်မှာ ဖြစ်နေတဲ့ ဒီတိုက်ပွဲတွေ ကြားမှာ လူတသန်းလောက်ပိတ်မိနေပါတယ်။ ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက် Quentin Sommerville နဲ့ ကင်မရာသမား Fred Scott တို့ ရဲ့ အထူးသတင်းကို ကိုအောင်သွင်ကပြန်ပြောပြမှာပါ။