ကိုရိုနာဗိုင်းရပ်စ်ကြောင့် အက်ပဲလ် ကုမ္ပဏီ လုပ်ငန်း ထိခိုက်

အက်ပဲလ် နည်းပညာ ကုမ္ပဏီကြီးက တရုတ်ပြည်က စက်ရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းထားရလို့ တကမ္ဘာလုံးကို အိုင်ဖုန်းတွေ တင်ပို့မှုတွေ လျှော့ထားရကြောင်း ပြောပါတယ်။ ကယ်လီဖိုးနီးယား အခြေစိုက် အက်ပဲလ်ဟာ တရုတ်က စက်ရုံတွေနဲ့ စျေးကွက်အပေါ်မှာ တော်တော် အားထားနေရတာ ဖြစ်လို့ ဒီ ကိုရိုနာ ကူးစက်မှုကြောင့် ထိခိုက်မှုတွေ ရှိကြောင်း အစောဆုံး ပြောလာတဲ့ ကုမ္ပဏီတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ကိုအောင်သွင်ကပြောပြမှာပါ။