ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ၂ဆ တိုး
တရုတ်ပြည်ကြီးဟာ မကောင်းဆိုးဝါး ကိုရိုနာ ဗိုင်းရပ်စ်ပြန့်ပွားမှုကြီးကို ရင်ဆိုင် တိုက်ခိုက်နေရပြီ ဖြစ်တယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်ပါတယ်။ အဲဒီ ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သလို ဂျာမနီနဲ့ ဂျပန်တို့ အပါအဝင် ကမ္ဘာတဝန်းမှာလည်း ကူးစက်ခံရမှု အသစ်တွေ ထပ်တွေ့နေရပါတယ်။ ဟောင်ကောင်ကတော့ တရုတ်ပြည်မနဲ့ ဆက်သွယ်ထားတဲ့ ကူးတို့ ရေယာဉ်နဲ့ ရထားလမ်းတွေကို ပိတ်ထားတော့မှာ ဖြစ်ပြီး ရုရှားကလည်း တရုတ်နယ်စပ်တလျှောက် နေရာတော်တော်များများကိုပိတ်ထားပြီ ဖြစ်ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။