ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အန္တာတိက ရေခဲတောင် အရည်ပျော်နှုန်း မှန်းထားတာထက် ပိုမြန်နေ
အန္တာတိက အနောက်ပိုင်းမှာ ရှိတဲ့ ရေခဲတောင်ကြီးဟာ အရှိန်ကောင်းကောင်းနဲ့ အရည်ပျော်ကျနေတာကို သမိုင်းမှာ အကြီးဆုံး အန္တာတိက ကွင်းဆင်းလေ့လာမှုတွေမှာ တွေ့ရှိခဲ့ရပါတယ်။ အန္တာတိကရဲ့ အကြီးဆုံး ရေခဲတောင်ကြီးတွေထဲက တခုဖြစ်တဲ့ သဝိတ်စ် ရေခဲတောင်ကြီးရဲ့ အရည်ပျော်ကျမှုနဲ့တင် ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင် ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ တကယ်လို့သာ အဲဒီ ရေခဲတောင်ကြီး လုံးဝ အရည်ပျော်ကျသွားခဲ့ရင် ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်ဟာ အကြီးအကျယ် မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ အရေးပါတဲ့ ကမ္ဘာမြေ အစီအစဉ်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။