ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီးရီးယားဒုက္ခသည်တွေအတွက် ပေးနေတဲ့ အကူအညီတွေ ရပ်ဆိုင်းသွားနိုင်
ဆီးရီးယားနိုင်ငံတွင်း ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာပြောင်းရွေ့ခဲ့ရတဲ့ သန်းနဲ့ချီတဲ့ ဆီးရီးယားပြည်သူတွေကို ပေးနေတဲ့ အကူအညီအထောက်အပံ့တွေ ဒီသတင်းပတ်အကုန်ပိုင်းမှာ ရပ်ဆိုင်းသွားနိုင်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ကို ဖြတ်ပြီး လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ သင်္ဘောနဲ့ ပေးပို့နိုင်ဖို့ ကုလသမဂ္ဂက ပေးထားတဲ့ ခွင့်ပြုမိန့် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ဒီလိုခွင့်ပြုတာကို ရက်ထပ်တိုးဖို့ ကိစ္စကိုလည်း ရုရှားနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြတာပါ။
ကိုအောင်သွင်က ဆက်ပြောပြပေးမှာပါ။