ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အတ္တလန်တိတ် သမုဒ္ဒရာကို လှေလှော်ပြီး ဖြတ်ကူးဖို့ ကြိုးစားနေကြသူများ
အင်္ဂလန် တောင်ပိုင်းက သိမ်းစ် တောင်ကြားမှာ နေကြတဲ့ လူ ၄ ယောက်က အတ္တလန်တိတ် သမုဒ္ဒရာကို လှေလှော်ပြီး ဖြတ်တဲ့ စံချိန်တင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဘတ်ခ်ဘွိုင်းစ်လို့ ခေါ်တဲ့ သူတို့ အဖွဲ့က ဆန် ဆီဘက်စတီယန် ကနေ အန်တီဂါအထိ မိုင် ၃၀၀၀ ခရီးကို သီတင်း ၆ ပတ်ကြာ လှော်ကြမှာ ဖြစ်ပါတယ်။
သူတို့ အဖွဲ့က အလှည့်ကျ လှော်ပြီးရင် ၂ နာရီဆီ အိပ်ပြီး တနေ့ကို ကယ်လိုရီ ၅၀၀၀ လောက်ကုန်တဲ့ အထိ အားစိုက်သွားကြမယ်လို့ ပြောထားပါတယ်။ နောက်ပြီး သူတို့ အဖွဲ့က တာလီစကာ ဝီစကီ အတ္တလန်တိတ် ဖိတ်ခေါ် ပြိုင်ပွဲမှာ အောင်မြင်အောင် လှော်ခတ်နိုင်တဲ့ အသက်အကြီးဆုံး အဖွဲ့အဖြစ်လည်း စံချိန်တင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ကို သိမ်းမြတ်က ပြောပြမှာပါ။