ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စိတ် နဲ့ ခန္ဓာကိုယ် အပန်းပြေအောင် မောင်းတွေနဲ့ ကုသပေးသူ
လူမှုဘဝ အမောတွေက လွတ်မြောက်ဖို့ စိတ်အပန်းဖြေစရာ နည်းလမ်းတွေက အများကြီး ရှိပါတယ်။ စင်္ကာပူမှာတော့ အခုတလော မောင်းတွေနဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို စင်ကြယ်အောင် လုပ်ပေးနေတာကို လူကြိုက်များလာတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီအစဉ်အလာက တကယ်တော့ အခုမှ ပေါ်တာ မဟုတ်ဘူး၊ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ လောက်ကတည်းက ပေါ်နေပြီ လို့ ဆိုပါတယ်။ ဘီဘီစီက ဒီလို မောင်းကြီးတွေနဲ့ စိတ်ဖြေပေးနေတဲ့ ဆူရာယာ ဆမ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆက်ပြီး ရှုစားရအောင်ပါ။