ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရင်သားကင်ဆာကုသဖို့ ရိုးရာယဉ်ကျေးမှုက အဟန့်အတားတခုလား
အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာရောဂါတွေထဲမှာ ရင်သားကင်ဆာဟာ အဖြစ်အများဆုံး ဖြစ်ပြီး ကမ္ဘာတလွှား နှစ်စဉ် ရင်သားကင်ဆာဖြစ်ပွားသူ နှစ်သန်းကျော် ရှိပါတယ်။
ဒါပေမဲ့ ပါကစ္စတန်မှာတော့ ရိုးရာဓလေ့ထုံးတမ်းတွေအရ အမျိုးသမီးတွေက သူတို့ရဲ့ ခန္ဓာကိုယ်အကြောင်း ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးတတ်ကြပါတယ်။
ဒါပေမဲ့ နိုင်ငံတွင်းမှာ နှစ်စဉ် ရင်သားကင်ဆာကြောင့် သေဆုံးတဲ့ အမျိုးသမီး လေးသောင်းလောက် ရှိလာနေတဲ့အချိန်မှာတော့ ဒီလို သဘောထားကြောင့် အချိန်မတန်ပဲ အသက်ဆုံးရှုံးရလေသလားဆိုပြီး စိုးရိမ်လာကြပါတယ်။
မရီရီအောင်က ဆက်ပြောပြမှာပါ။