ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဟာသန္တာကျောက်တန်းကြီးကို ကာကွယ်ပေးနေသူ
ပြီးခဲ့တဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေ အတွင်းမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ဩစတေလျက ကွင်းစလန်း ပြည်နယ် အစိုးရကို အဲဒီက မဟာသန္တာကျောက်တန်းကြီး အနီးမှာ ရေနံနဲ့ သတ္တုတွေ တူးဖော်မယ့် ကိစ္စကို တားဆီး ဖို့ ကြိုးစားခဲ့ကြပါတယ်။
၁၉၇၅ ခုနှစ်မှာတော့ ဩစတေးလျ အစိုးရက အဲဒီနေရာကို အဏ္ဍဝါ ဥယျာဉ် တခုအဖြစ် ကြေညာသတ်မှတ် ခဲ့ပါတယ်။ အဲဒီ သန္တာကျောက်တန်းကြီးကို
မပျက်စီးသွားဖို့ ဘဝတခုလုံး နှစ်လို့ ကြိုးစားကာကွယ်နေသူ တဦးကတော့ အက်ဒီ ဟက်ဂါ ပဲ ဖြစ်ပါတယ်။ သူ့အကြောင်းကို ရှုစားရအောင်ပါ။