ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တက္ကသိုလ်ကျောင်းသူတွေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံနေရပြီလား
တက္ကသိုလ်ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုက ကမ္ဘာတဝန်း ဆွေးနွေးစရာ ကိစ္စတရပ်ဖြစ်လာပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီ အာဖရိက မျက်ဝန်းအစီအစဉ်က အာဖရိက အနောက်ခြမ်းက အခြေအနေကို စုံစမ်းထောက်လှမ်း သတင်းယူနေပါတယ်။
ဒီအဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်ခံရတဲ့ အမျိုးသမီး ဒါဇင်နဲ့ချီကို အင်တာဗျူးခဲ့သလို သတင်းထောက်တွေကိုလည်း ကျောင်းသူ ကျောင်းသားတွေလို အယောင်ဆောင်ခိုင်းကာ လေးဂေါ့စ်တက္ကသိုလ်တွင်းက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်တဲ့ အမျိုးသားတွေကို လျှို့ဝှက် ဗီဒီယို ရိုက်ခဲ့ပါတယ်။
Kiki Mordi ရဲ့ အခု သတင်းဟာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်းကိုတော့ ကြိုတင် သတိပေးပါရစေ။ ဒီသတင်းမှာ သူရဲ့ ကိုယ်ပိုင်အတွေ့အကြုံကိုလည်း Kiki Mordi က ပြောပြပေးထားပါတယ်။
မ၀င်းစန္ဒာဦး က ပြန်ပြောပြမှာပါ။