ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွေ ကျင်းပ
တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ အုပ်စိုးခဲ့တာ နှစ်ပေါင်း ၇၀ ပြည့်ပြီ ဖြစ်ပါတယ်။ အဲဒီ အထိမ်းအမှတ်ကိုလည်း ခမ်းခမ်းနားနား ကျင်းပခဲ့ကြပါတယ်။ ဘေကျင်းမြို့တော်က တီယန်နန်မင် ရင်ပြင်မှာဆိုရင် စစ်သည် ထောင်သောင်းချီ ပါဝင်ပြီး စစ်လက်နက် ပစ္စည်းတွေအများအပြား နဲ့ စစ်ရေးပြ အခမ်းအနားကိုလည်း ကျင်းပခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ဟောင်ကောင်မှာတော့ ဘေကျင်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြ ပွဲတွေကို ဖြိုခွဲရာ လူ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံတွေမှာ ကုသမှု ခံယူနေရပါတယ်။ အဲဒီ ဒဏ်ရာရသူတွေထဲက တဦးဟာ ဆိုရင် သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။
ကို ထက်အောင်က ပြောပြမှာပါ။