ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖားကန့်က ရေမဆေးကျောက်ရှာသူတွေရဲ့ ဘဝကြမ်း
ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတွင်းတွေနဲ့ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေဟာ နယ်မြေမတည်ငြိမ်တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ ရှိပါတယ်။
အဲဒီမှာ အနယ်နယ်အရပ်ရပ်က လာကြတဲ့ ရေမဆေးကျောက်ရှာသူ ၃ သိန်းကျော်ရှိပြီး ရောင်းတန်းဝင်ကျောက်တစ်လုံးက သူတို့တွေကို နေ့ချင်းညချင်း သူဌေး ဖြစ်စေနိုင်ပါတယ်။
ဒါပေမဲ့လည်း မြေပြိုမှုကြောင့် နှစ်စဉ် လူရာဂဏန်းနဲ့ချီ သေဆုံးနေသလို လွယ်လွယ်ကူကူရတဲ့ မူးယစ်ဆေးကြောင့်လည်း ဘဝပျက်ကြရသူတွေ ရှိနေပါတယ်။
ဒုက္ခ သုခတွေ ရောပြွန်းနေတဲ့ ရေမဆေးကျောက်ရှာကြသူတွေရဲ့ ဘ၀တွေအကြောင်းကို ဖားကန့်အထိ ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့ ဘီဘီစီသတင်းထောက် မစိုးစိုးထွန်းက ပြောပြထားပါတယ်။