ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဘောလုံးရာသီအတွက် အာဆင်နယ် အားဖြည့်ထား
အာဆင်နယ် အသင်းရဲ့ဒါရိုက်တာ ဂျော့ရှ် ခရွန်ကေက ဘီဘီစီနဲ့တွေ့ဆုံခဲ့ရာမှာ ပြီးခဲ့တဲ့ ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရှုံးခဲ့ရတာကို စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။ အဲဒါကြောင့်လည်း ဒီရာသီအတွက် ပြီးခဲ့တဲ့ နွေရာသီ ဘောလုံး သမား အရောင်းအဝယ် အပြောင်းအရွှေ့ ကာလ အတွင်း ငွေများများ သုံး ဘောလုံးသမား အသစ်တွေခေါ်ပြီး အားဖြည့်ထားတယ်လို့ဆိုပါတယ်။ တဘက်မှာလည်း အာဆင်နယ် ပရိတ်သတ်တချို့က အသင်းကိုပိုင်ဆိုင်တဲ့ အမေရိကန် တွေဟာ အသင်း တောင့်တင်းအောင် လုပ်တာ သိပ်မတွေ့ရဘူးဆိုပြီး ဝေဖန်တာတွေလည်း ရှိပါတယ်။ ဂျော့ရှ်ကရွန်ကေက ဘာတွေပြောပြခဲ့သလဲဆိုတာ ကိုထွေးက ပြောပြမှာပါ။