ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီးရီးယား သူပုန်လက်ထဲက မြို့တမြို့ကို အစိုးရသိမ်း
ဆီးရီးယား သူပုန်တွေဟာ ဟာမာ ပြည်နယ်ထဲမှာ ရှိတဲ့ သူတို့ရဲ့ နောက်ဆုံး လက်ကျန်နယ်မြေကိုလည်း ဆုံးရှုံးခဲ့ရပြီလို့ သတင်းတွေ ထွက်လာပါတယ်။ အစ်လစ်ဘ်ပြည်နယ်ထဲက မဟာဗျူဟာ အရအရေးပါတဲ့ မြို့ကိုအစိုးရ ဘက်က တပ်တွေက ရခဲ့အပြီးမှာ အခုလို ထပ်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အဲဒီမြို့ကို သမ္မတ ဘာရှာအဲလ်အာဆတ်ဒ်ရဲ့တပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး အရပ်သူ အရပ်သား ရာပေါင်းများစွာ သေဆုံးခဲ့ရပြီး သိန်းနဲ့ချီပြီး အိုးအိမ်တွေကို ပစ်ခွာ ပြေးခဲ့ရပါတယ်။
မရီရီအောင်ကပြောပြမှာပါ။