ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်ဆာကို အရှုံးမပေးသူ
ကိုရီးယား လူမျိုး အလှအပနဲ့ပတ်သက်တဲ့ ဘလော့ဂ်ဂါ တယောက်ဖြစ်တဲ့ Dawn Lee ဟာ သွေးကင်ဆာ တမျိုးဖြစ်တဲ့lymphoma ကို ခံစားနေရ ပါတယ်။ အသက် ၂၉ နှစ် အရွယ် Dawn Lee က သူ့ရဲ့ဝေဒနာနဲ့ ဓာတ်ကင် ကုသပုံတွေအကြောင်းကိုYouTube မှာ တင်ပေးခဲ့ရာမှာ ဗီဒီယို တခုဆိုရင် ကြည့်ရှုသူပေါင်း ၄ သန်းလောက် ရှိပါတယ်။
သူက ဘီဘီစီနဲ့ တွေ့ဆုံခဲ့ရမှာ အစကတော့ သူမလှမပ ဖြစ်နေမယ့် ပုံမျိုးတွေ တင်ဖို့ မဝံ့ရဲခဲ့ကြောင်း၊ ဒါပေမယ့် သူ့ဗီဒီယိုတွေက သူ့လို ဝေဒနာ ခံစားနေရသူတွေ အတွက် အထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းပြောပါတယ်။