ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘောရစ်ဂျွန်ဆင် သူ့အစိုးရ အဖွဲ့သစ်နဲ့ တွေ့ဆုံ
ဗြိတိသျှ ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ဟာ နံပါတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်ကို ပြောင်းရွှေ့လာပြီ ဖြစ်ပါတယ်။
ဇူလိုင် ၂၅ ရက်နေ့ မနက်မှာတော့ သူ့ရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သလို အားလုံး အရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင်ကြရမယ်လို့ ဆိုပါတယ်။
ဗြိတိသျှ ဝန်ကြီးချုပ်သစ်ဟာ သူ့ရဲ့ အစိုးရအဖွဲ့သစ်မှာ အမျိုးသမီးတွေနဲ့ လူနည်းစုတွေထဲက လူတွေကိုလည်း အရေးကြီးတဲ့ နေရာတွေမှာ ခန့်ထားတာတွေ ရှိပါတယ်။
ကိုအောင်သွင်က ပြောပြမှာပါ။