ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန် အစိုးရထဲမှာ အမျိုးသမီးတွေပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးဆက်ဆံမှုတွေ ရှိ
အာဖဂန်နစ္စတန် အစိုးရ ထဲမှာ အမျိုးသမီးတွေ အပေါ်မှာ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ မဖွယ်မရာဆက်ဆံမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းက သမ္မတရဲ့အရင် အကြံပေး ဟောင်း တဦးက အစိုးရ ရာထူး အတွက် လိင်ကိစ္စနဲ့ အပေးအယူ လုပ်တာမျိုးတွေ ရှိနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
အစိုးရဘက်ကတော့ ဒါတွေကို ပယ်ချခဲ့ပါတယ်။
ဘီဘီစီရဲ့ စုံစမ်းမှုတခုမှာတော့ အမျိုးသမီး တချို့က သူတို့ကို အစိုးရ အရာရှိတွေက လိင်ပိုင်းဆိုင် ထိပါး မှုတွေ ရှိခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။
အခု သတင်းထဲမှာ ဒီအမျိုးသမီးတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ကာကွယ်ထားဖို့ လိုအပ်တာကြောင့် သူတို့ အသံတွေနေရာမှာ သရုပ်ဆောင်တွေရဲ့ အသံတွေနဲ့ အစားထိုးထားပါတယ်။ မရီရီအောင်က ပြောပြမှာပါ။