ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရစ်ပိုလီ မြို့စွန်က ရွှေ့ပြောင်းသူ ထိန်းသိမ်းရေး စခန်း တိုက်ခိုက်ခံရ
လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့တော်ရဲ့ အစွန်အဖျား က ရွှေ့ပြောင်း နေထိုင်သူတွေကို ထိန်းသိမ်းထားတဲ့ နေရာကို လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတာကြောင့် လူ ၄၀ထက်မနည်းသေဆုံးပြီး ၈၀ ဒဏ်ရာရရှိသွားပါတယ်။
ကုလသမဂ္ဂက ထောက်ခံတဲ့ လစ်ဗျား အစိုးရ အရာရှိတွေကတော့ ဒါဟာအဲဒီ ဒေသတွင်းမှာ အစိုးရနဲ့ တိုက်ခိုက်နေတဲ့ Libyan National Army ရဲ့ လက်ချက်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့ဘက်ကတော့ သူတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။