ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အဲလ်ဆာဗေးဒိုးကလူတွေ ဘာကြောင့် အမေရိကန်ကို ရွှေ့ပြောင်းနေကြသလဲ
အမေရိက အလယ်ပိုင်းနိုင်ငံတွေက လူတွေ သူတို့ဘဝတိုးတက်ဖို့ အတွက် အမေရိကန် ပြည်ထောင်စုထဲကို ဝင်ဖို့ ခရီးကြမ်းကို လာရင်း အန္တရာယ်တွေကြုံနေရတာကို ဒီသီတင်းပတ်ထဲမှာ ကမ္ဘာက ပိုပြီး အာရုံစိုက်မိလာကြပါတယ်။
အဲလ်ဆာဗေးဒိုးမှာဆိုလည်း နှစ်စဉ် လူ ထောင်ပေါင်းများစွာဟာ အမေရိကားမှာ ဘဝ သစ်စဖို့ နိုင်ငံထဲက ထွက်လာနေကြပါတယ်။ အဲလ်ဆာဗေးဒိုးဟာဆို ဗဟိုအမေရိကမှာ အသေးငယ်ဆုံး နိုင်ငံဖြစ်ပေမယ့် ရာဇဝတ်မှုကတော့ ကမ္ဘာ့ထိပ်တန်းဖြစ်ပါတယ်။ မနှစ်ကဆို လူပေါင်း ၃၀၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။
ဘီဘီစီ သတင်းထောက် အော်လာဂါရင်ရဲ့ သတင်းလွှာကို ရှုစားရအောင်ပါ။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးတွေ ပါလာနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။