ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ်၂၅၀ အတွင်း အပင်မျိုးစိတ်ပေါင်း ၆၀၀ လောက် ပျောက်ကွယ်ခဲ့
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ကယူးမှာ ရှိတဲ့ တော်ဝင်ရုက္ခဗေဒ ဥယျာဉ်နဲ့ စတော့ဟုမ်း တက္ကသိုလ်တို့က ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၅၀ လောက်အတွင်းမှာ အပင်မျိုးစိတ်ပေါင်း ၆၀၀ လောက် ပျောက်ကွယ်သွားခဲ့ရပြီလို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက အပင်တွေ မျိုးသုဉ်းမှုနှုန်းဟာ လူသားတွေ မရှိတဲ့အချိန်မှာ ပျောက်ကွယ်တဲ့နှုန်းထက် အဆ ၅၀၀ လောက်ပိုမြန်နေတယ်လို့ ဆိုကြပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။