ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူထုနဲ့ အုပ်ချုပ်သူတွေကြား သဘောထားကွဲလွဲနေတဲ့ ဥပဒေမူကြမ်း
တရားခံတွေကို ဟောင်ကောင်ကနေ တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးရမယ်ဆိုတဲ့ အငြင်းပွားဖွယ် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သတင်းပတ်က ဟောင်ကောင်မှာ လူသိန်းနဲ့ချီ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပေမယ့် ဒီဥပဒေ ပြဌာန်းနိုင်ဖို့ တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ တရုတ်ကျောထောက်နောက်ခံ ဟောင်ကောင် ခေါင်းဆောင်က ပြောပါတယ်။
တနင်္လာနေ့ မနက်အစောပိုင်းမှာလည်း ဆန္ဒပြသမားတွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ ကြိုးစားခဲ့လို့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ကိုအောင်သွင်က ဆက်ပြောပြမှာပါ။