ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သီရိလင်္ကာ အကြမ်းဖက်မှု ပျောက်ဆုံးသူတွေ ရှိနေဆဲ
သီရိလင်္ကာမှာပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဟိုတယ်ကြီးတွေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ရသူတွေကို စတင် သင်္ဂြိုဟ်နေကြပြီဖြစ်ပါတယ်။ တဘက်မှာလည်း အဲဒီ တိုက်ခိုက်မှုအတွင်း ပျောက်ဆုံး နေသူတွေကိုလည်း သူတို့မိသားစုဝင်တွေက ဆေးရုံတွေနဲ့ ရေခဲ တိုက် တွေမှာ ဆက်လက်ရှာဖွေနေကြဆဲဖြစ်ပါတယ်။ အဲဒီ မိသားစုဝင်တချို့နဲ့ ဘီဘီစီတို့ တွေ့ဆုံနိုင်ခဲ့ကြပါတယ်။ ကိုဘိုဘိုက ဆက်ပြောပြမှာပါ။