ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း
ရခိုင်ပြည်နယ်မှာ မြန်မာတပ်မတော်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်မတော် အေအေ အကြား စစ်ရေးအရှိန်မြင့်တက်လျှက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်က စစ်မီးဘာကြောင့် အရှိန်မြင့်တက်နေရတာလဲ။ နောက်ပြီး ရိုဟင်ဂျာအကျပ်အတည်းအပေါ် အေအေက ဘယ်လို ရှုမြင်သလဲ၊ ဘယ်လို ဖြေရှင်းမလဲ စတဲ့ ရခိုင်ပြည်နယ် အတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကို ဘီဘီစီအကြီးတန်းသတင်းထောက် ကိုစောရန်နိုင် က ပန်ဆန်းမြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။