ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော
NCA အပစ်ရပ် စာချုပ် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရရဲ့အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့ ဒီကနေ့ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ ရခိုင့်တပ်မတော် AA က ကိုယ်စားလှယ်တွေလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်
ဒီကနေ့ ဆွေးနွေးပွဲမှာ လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ လျှော့ချနိုင်ရေး အပါအဝင် သဘောတူညီချက် ၅ ချက် ရရှိခဲ့ပါတယ်။
NRPC ဒုတိယ ဥက္ကဋ္ဌက အခမ်းအနားအဖွင့်မိန့်ခွန်းမှာ အဖြူရောင်နယ်မြေ ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ရခိုင် လက်နက်ကိုင်အဖွဲ့က အခြေချဖို့ ကြိုးပမ်းတာဟာ လုံခြုံရေးကို ခြိမ်းခြောက်တာပဲလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး သတင်းထောက်တွေ ရဲ့အမေးကို ဖြေကြားတဲ့ ရခိုင့်တပ်မတော် AA က ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်ဟန် ရဲ့ တုံ့ပြန်ချက်နဲ့ အတူ ဘီဘီစီ သတင်းထောက် ကိုအောင်သူရက မေးမြန်းတာတွေ ကို လည်း သူက အခုလို ဖြေကြားခဲ့ပါတယ်။