ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၄၉ ဦးထက်မနည်း သေဆုံးခဲ့တဲ့ နယူးဇီလန်က ဗလီ နှစ်ခု ပစ်ခတ်ခံရမှု
နယူးဇီလန်နိုင်ငံ ခရိုက်ချပ်မြို့က ဗလီနှစ်ခုမှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ နယူးဇီလန် ရဲမင်းကြီးက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ လူပေါင်း ဒါဇင်နဲ့ချီလည်း ဆေးရုံတက် ကုသမှု ခံယူနေရပါတယ်။
သောကြာနေ့ ဗလီတက် ဝတ်ပြုဆုတောင်းဖို့ လာရောက်ကြသူတွေကို သေနတ်သမားက ပစ်ခတ်ခဲ့တာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ လူ ၃ ယောက်ကို ဖမ်းဆီးထားပြီး ၁ ယောက် ကို လူသတ်မှု ပုဒ်မနဲ့ စွဲဆိုထားပါတယ်။
ကိုရင်မောင်က ဆက်ပြောပြပေးမှာပါ။