အနောက်နိုင်ငံတွေက ပရဟိတအဖွဲ့တွေကို ပါကစ္စတန် နှင်ထုတ်

ပါကစ္စတန်မှာ အနောက်နိုင်ငံတွေက ပရဟိတ အဖွဲ့တွေကို နှင်ထုတ်ခဲ့တာနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ အနောက်နိုင်ငံတွေက သံတမန်တွေက ပြောပါတယ်။ အခု နှင်ထုတ်ခံရတဲ့ အန်ဂျီအိုတွေထဲမှာ Action Aid, Plan International နဲ့ World Vision တို့လည်း ပါ၀င်ပါတယ်။ ပါကစ္စတန်အစိုးရကတော့ ဒီအဖွဲ့တွေမှာ လိုအပ်တဲ့အချက်အလက်တွေမပြည့်စုံဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒါဟာ လူမှု အသိုက်အမြုံပေါ်မှာပါ ထိခိုက်သွားစေနိုင်တဲ့ အပြုအမူတစ်ခု ဖြစ်လာနိုင်မှာကို စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။