ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်ခြံမြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဦးအောင်ဆန်းဦးနဲ့ ဘီဘီစီ မေးမြန်းခန်း
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ ထားခဲ့တဲ့ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး အနှစ် ၂၀ နီးပါး ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စမှာ ပထမ တရားရုံးက တယောက် တဝက်စီ ခွဲယူဖို့ ဆုံးဖြတ်ခဲ့တာကို ဦးအောင်ဆန်းဦးက မကျေနပ်တဲ့အတွက် အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အထူးအယူခံ တင်ခဲ့ပါတယ်။
ဦးအောင်ဆန်းဦးဘက်က ဘာလို့ မကျေနပ်တာလဲ၊ ဒီအမှု အခြေအနေ ဘယ်လို ဖြစ်လာတာလဲ ဆိုတာ ဦးအောင်ဆန်းဦးကို ဘီဘီစီ သတင်းထောက် ကိုငြိမ်းချမ်းအေးက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။