ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မြောက်ပိုင်း လုံခြုံရေးစည်း ဘာကြောင့် ကျိုးပေါက်ခဲ့တာလဲ
လောလောဆယ် ပြသနာဖြစ်နေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုရောက်နေတဲ့ သိန်းချီတဲ့ ဒုက္ခသည်အရေးရဲ့ အစဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၅ ရက်က ရခိုင်မြောက်ပိုင်းက မြန်မာ နယ်ခြားစောင့် ကင်းစခန်း ၃ဝ လောက်ကို လက်နက်ကိုင် ဆောင်ထားတဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA က ဝင် တိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ဖြစ်ပါတယ်။
ရခိုင်မြောက်ပိုင်း လုံခြုံရေးစည်း ဘာကြောင့် ကျိုးပေါက်ခဲ့တာလဲ။
နောင်မှာ ဒီလို လုံခြုံရေးစည်း မကျိုးပေါက်အောင် ဘယ်လိုတားဆီးမလဲ။
ဒေသမှာရှိနေတဲ့ အသိုင်းအဝိုင်း ၂ ခုကြား အတူယှဉ်တွဲနေထိုင်နိုင်မယ့် အလားအလာ ဘယ်လိုရှိလဲ ။
ANP ရခိုင်အမျိုးသားပါတီက မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော
မြန်မာသတင်းပညာသိပ္ပံ သင်တန်း ညွှန်ကြားရေးမှူး ဦးစိန်ဝင်း တို့ ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။