ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ တောင်ပိုင်း ရေကြီး၊ လူ ၈၀ ကျော်သေဆုံး
အိန္ဒိယ တောင်ပိုင်းက ကရာလာပြည်နယ်ထဲမှာ မကြုံစဖူးမိုးများပြီး ရေကြီးမှုတွေကြောင့် လူ ၈၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။
စစ်တပ်ကလည်း ရေဝိုင်းခံနေရတဲ့ ကျေးရွာတွေက လူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ ပူးပေါင်း ကယ်ဆယ်နေသလို အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ လူ ထောင်ပေါင်းများစွာကိုလည်း အကူအညီတွေ ပေးနေကြပါတယ်။ မြေပြိုမှုတွေလည်း ရှိတာကြောင့် ကားနဲ့ရထားလမ်းတွေ ပျက်စီးကုန်ပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။