ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ပွဲအကြွင်းအကျန် ကန်စစ်သားအရိုးတွေ မြောက်ကိုရီးယား ပြန်လည်အပ်နှင်း
လူပေါင်း နှစ်သန်းကျော် အသက်ပေးဆပ်ခဲ့ရတဲ့ ကိုရီးယား စစ်ပွဲကြီး အဆုံးသတ်တာ ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့ဆို ခြောက်ဆယ့်ငါးနှစ်တိုင်တိုင် ရှိသွားခဲ့ပါပြီ။
ဒီစစ်ပွဲကြီးအတွင်း ကျရှုံးခဲ့သူတွေထဲမှာ အမေရိကန် တပ်သား သုံးသောင်းခုနစ်ထောင် လည်း ပါပါတယ်။
ဒီထဲက ခုနှစ်ထောင့်ငါးရာ လောက်ဟာ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ယူဆရပြီး တဝက်လောက်ကတော့ မြောက်ကိုရီးယားမှာ ရှိနေပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ အဲဒီတုန်းက ကျဆုံးခဲ့တယ်လို့ ယူဆရတဲ့ အမေရိကန် စစ်သား ငါးဆယ့်ငါးဦးရဲ့ အရိုးတွေကို မြောက်ကိုရီးယားတို့က အမေရိကန်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
အပြည့်အစုံကိုတော့ ကိုရင်မောင်က ပြောပြပေးမှာပါ။