ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ စတင်
၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ တတိယ အကြိမ် အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်မှာ နေပြည်တော်မှာ စတင် ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကို အပစ်ရပ် လက်မှတ်မထိုး ရသေးတဲ့ ဝ၊ ကေအိုင်အေ စတဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့လည်း တက်ရောက်နေကြပါတယ်။
အဲဒီမှာ ဖက်ဒရယ် ပြည်ထောင်စု အတွက် အခြေခံ အုတ်မြစ်တွေ ခိုင်ခိုင်မာမာ ချနိုင်ဖို့ မျှော်လင့် ကြောင်း နိုင်ငံတော် အတိုင်ပင် ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သလို၊ တပ်မတော် ကာကွယ်ဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ဒီနေ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို အစိုးရနဲ့ တပ်က တက်ကြွစွာ ဦးဆောင်နေတာဟာ အင်အားချိနဲ့လို့ မဟုတ်ဘူးလို့ ဆိုပါတယ်။
နေပြည်တော်ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် စိုင်းထွန်း အောင်လွင် က ဆက်ပြီး ပြောပြ ပေးမှာပါ။