ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန် ရေကြီး မြေပြိုမှု လူ ၁၀၀ ကျော် သေဆုံး
ဂျပန်မှာ ရေကြီး မြေပြိုမှုတွေ ဖြစ်နေရာမှာ ကယ်ဆယ်ရေး အဖွဲ့တွေမှာလည်း တော်တော် အခက်ကြုံနေရပါတယ်။ လူဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်သလို ကယ်ဆယ်ရေး သမားတွေကလည်း ရွှံ့မြေတွေနဲ့ အပျက်အစီးတွေကြားထဲမှာ တူးဆွလို့ လိုက်ရှာ နေကြရပါတယ်။ သေဆုံးသူ လူ ၁၀၀ ထက် မနည်းရှိပြီး အများစုဟာ ဟီရိုရှီးမား ဘက်က ဖြစ်ပါတယ်။ မြစ်ရေတွေ လျှံပြီး ရေတားတမံတွေ ကျိုးခဲ့တာကြောင့် လူ ၁ သန်းကျော်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ခိုင်းထားရပါတယ်။ ကြာသပတေးနေ့က စပြီး ဂျပန်အနောက်ပိုင်းမှာ မကြုံစဖူး မိုးကြီးခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့က စလို့ ရက်ပိုင်း အတွင်း ဇူလိုင် တလလုံး ရွာတဲ့ မိုးရေချိန်ပမာဏရဲ့ ၃ ဆလောက်ကိုရွာချ ခဲ့ပြီးဖြစ်ပြီး နောက်ထပ် လည်း မိုးကြီးဦးမယ့် သဘောရှိနေပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။