ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းကလေးတွေ ဂူထဲက ပြန်ထုတ်နိုင်ရေး
ထိုင်းမြောက်ပိုင်း ချင်းရိုင် ခရိုင်မှာရှိတဲ့ ထမ်လွန် နမ့်နွန် ဂူကြီးထဲမှာ ပိတ်မိ ပြီးပျောက်ဆုံးနေရာက မနေ့က ပြန်လည် ရှာဖွေတွေ့ရှိခဲ့တဲ့ ကလေး ၁၂ ယောက် နဲ့သူတို့ နည်းပြကို ကယ်ဆယ်ရေး ရေငုပ် သမားတွေက ဘေးလွတ်ရာကို ခေါ်ထုတ်ဖို့ ရေငုပ်နည်းတွေ သင်ပေးကြရမယ့် သဘောရှိပါတယ်။
မိုးတွင်းမှာ ဂူထဲကို စီးဝင်တဲ့ ရေမျက်နှာပြင် တက်လာ ခဲ့ပြီး ကလေးတွေက ရေလည်း မကူးတတ်ကြတာကြောင့် ၁၀ ရက်ကြာ ပိတ်မိသွား ကြတာဖြစ်ပါတယ်။
အခု ပြန်တွေ့ပြီဖြစ်ပေမယ့်လို့ ရေကျန်နေသေးတာကြောင့် ခေါ်ထုတ်လို့ မရသေးသလို မိုးကလည်းထပ်ရွာ၊ ရေကလည်း ထပ်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး ကယ်ထုတ်ဖို့ ပိုခက်သွားနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ကယ်ဆယ် ထုတ်ယူနိုင်မယ့် အစီအစဉ်မျိုးစုံကို သုံးသပ်နေကြပါတယ်။ နောက်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ဂူထဲကို စားစရာတွေနဲ့အတူ ဖုန်းတွေပါ ယူသွားပေးတာကြောင့် ကလေး တွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့ပါ ဆက်သွယ် စကားပြောဆိုနိုင်ကြ ပြီ ဖြစ်ပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။