ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NLD လက်ထက် ငြိမ်းချမ်းရေး တိုးတက်မှုမရှိတာ ဘာကြောင့်လဲ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ဖို့ ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်သင့်တယ်၊ တိုင်းရင်းသားတွေနဲ့ စားပွဲဝိုင်းထိုင်ဆွေးနွေးသင့်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ်ကနေ အနားယူတော့မယ့် ဦးခွန်ထွန်းဦးက ပြောပါတယ်။ ဒါဟာ သူ တဦးတည်းရဲ့ သဘောထားအမြင်လို့ ဆိုပါတယ်။
ဒီတော့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုးတက်မှုရှိမရှိ တိုးတက်မရှိဘူးဆိုရင် ဘာကြောင့်လဲ။
NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးတွေနဲ့ ပတ်သက်ရင် ဖွဲ့ စည်းပုံအရ အကန့်အသတ်တွေရှိ နေလို့လား ဒါမှမဟုတ် တခြားဘာကြောင့် ဖြစ်နိုင်မလဲ။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညောင်ရွှေမြို့နယ်က လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး
သီပေါမြို့နယ်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း
ANP ရခိုင်အမျိုးသားပါတီက မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော
ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း အခု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ မြေယာသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းကော်မီတီဝင် ဒေါ်ဒွဲဘူ တို့ ပါဝင်ဆွေးနွေးကြတဲ့ ဦးဘမော်ရဲ့ မြန်မာ့အရေး ကမ္ဘာ့အရေး အစီအစဉ်ကို နားဆင်နိုင်ပါတယ်။