ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖမ်းထားတဲ့ အမေရိကန်တွေကို မြောက်ကိုရီးယား ပြန်လွှတ်
အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ တွေ့ဆုံပွဲ ကိုကြိုဆိုတဲ့သဘောနဲ့ မြောက်ကိုးရီးယား မှာ ထိန်းသိမ်းထားခဲ့တဲ့ အမေရိကန် နိုင်ငံသား ၃ ယောက်ကို မြောက်ကိုရီးယားက လွှတ်ပေး လိုက်ပါတယ်။
အဲဒီ ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန်နိုင်ငံသား ၃ ဦးကို သမ္မတ ထရမ့်က ကြိုဆိုခဲ့ပါတယ်။
မစ္စတာ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံပွဲအတွက် လိုအပ်တာတွေကို အပြီးသပ်ပြင်ဆင် ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယို ပြုံယမ်းကို ရောက်လာစဉ်မှာ အခုလို ပြန်လွှတ် ပေးခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ နှစ်ဦး ဇွန်လ ၁၂ ရက် စင်္ကာပူမှာ တွေ့မယ်လို့လည်း သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။
ကို ရင်မောင်က ပြောပြမှာပါ။