ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမိုင်းဝင် ပစ္စည်းတွေ ပြန်ပေးဖို့ ဗြိတိန်ကို အီသီယိုးပီးယားတောင်းဆို
အာဖရိကတိုက်က ထွက်လာတဲ့ ထူးဆန်းတဲ့လှပတဲ့ ပစ္စည်း တော်တော်များများကို ပြသ ထားကြတာက ဥရောပက ပြတိုက်တွေမှာဖြစ်ပါတယ်။ ဒါကလည်း ကိုလိုနီ ခေတ်တွေအတွင်းက ရယူ သွားခဲ့ကြတာကြောင့် ဖြစ်ပါတယ်။
လန်ဒန်က ဝိတိုရိယနဲ့ အဲလ်ဘတ် ပြတိုက်မှာတော့ ဒါတွေကို အာဖရိက မြေပေါ် မှာလည်း ပြသနိုင်ဖို့ စီစဉ်နေပါတယ်။ သူတို့က အီသီယိုးပီးယားက ရယူခဲ့တဲ့ ပစ္စည်းတွေကို အဌားသဘောမျိုးနဲ့ပို့ပေးဖို့ ကမ်းလှမ်းထားကြပါတယ်။ အီသီယိုးပီးယား အစိုးရကတော့ ဒါနဲ့ပတ်သက်လို့ တမျိုးတဖုံ တုန့်ပြန်လိုက်ပါတယ်။
ကိုမိုးမြင့်က ပြောပြမှာပါ။