ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကူးလ်တက် ကြိုးမဲ့ လျှပ်စစ် အား
နားဆင်နိုင်ပါပြီ။ မီးကြိုး မလိုဘဲ မီးဘယ်လို ထွန်းမလဲ၊ ကြိုးမဲ့ လျှပ်စစ်အား ဘယ်လို သွင်းမလဲ။
အရင်က WiFi ကြိုးမဲ့စနစ်နဲ့ အခု ပါဝါ ဆိုတဲ့ လျှပ်စစ် ဓာတ်အား ကြိုးမဲ့ ပို့ဆောင်တဲ့ စနစ် WiTricity
ဝိုင်ယာလက်စ် Wireless က ဝိုင်ကို အတိုကောက်ယူ လျှပ်စစ်ဆိုတဲ့ အီလက်ထရစ်စီးတီး Electricity ကနေ ထရစ် စီတီးကိုယူ ၂ ခုပေါင်းပြီး WiTricity တဲ့။
အမေရိကန် ပြည်ထောင်စု အမ်အိုင်တီ မက်ဆက်ချူးဆက် နည်းပညာ တကသိုလ်က ပါမောက္ခ မာရင်း ဆိုရာချီ ရဲ့ အိုင်ဒီယာ ဖြစ်ပါတယ်။ သူဦးဆောင်တဲ့ နည်းပညာ အဖွဲ့ဟာ ၆၀ ဝက်အား ရှိတဲ့ မီးလုံး တလုံးကို ဘာ မီးကြိုးမှ မဆက်သွယ်ထားပဲ မီးပလပ် နေရာ ကနေ ၇ ပေအကွာ မှာ ထားပြီး မီးလင်းအောင် လုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ မိုဘိုင်းဖုန်း ရုပ်မြင်သံကြား နဲ့ လျှပ်စစ်ကား အပါအ၀င် အီလက်ထရောနစ် ပစ္စည်းအားလုံး မှာ မီးကြိုးတပ် စရာမလို မီးအားပေးနိုင်၊ မီးအား သွင်းနိုင်တော့မှာပါ။
နားဆင်ကြည့်ပါ။ ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာရှင် ပါမောက္ခ ဒေါက်တာ ဆန်းမော် ရှင်းပြထားပြီး၊ ကိုသက်ထွေးနိုင် တင်ဆက်ထားပါတယ်။