ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန် ကျောင်းဝင်းထဲ သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်
ပါကစ္စတန်က ပါရှဝါ မှာ ကောလိပ်ကျောင်းဝင်းထဲကို သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၈ ဦးနဲ့ ရုံးဝန်ထမ်းတဦးတို့ သေဆုံးခဲ့ရပါတယ်။
အဲဒီ သေနတ်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်သေနတ်သမားတွေအကုန်သေဆုံးသွားပါတယ်။
သူနာပြုယာဉ်တွေနဲ့ ရဲတွေက ဒဏ်ရာရသူ တွေကို ကုသပေးနေကြသလို ကျောင်းဝင်းကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။
ကိုမိုးမြင့်က ပြောပြမှာပါ။