ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုပ်ရဟန်းမင်းကြီး မြန်မာပြည် ဘာကြောင့်လာ
လာမယ့်သတင်းပတ်ထဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးအဖြစ် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စတဲ့ ခေါင်းဆောင်တွေအပြင် ဘာသာရေးခေါင်းဆောင်တွေ၊ နောက်ပြီး ကက်သလစ်ဘာသာဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီး မြန်မာပြည်ကို ဘာကြောင့် ကြွလာသလဲ၊ ဒီခရီးစဉ်အတွင်း ဘာတွေ ဆွေးနွေးလုပ်ဆောင်ဖို့ ရှိသလဲဆိုတာကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်ရဟန်းအမတ် ချားစ်ဘိုကို ဘီဘီစီသတင်းထောက် ကိုငြိမ်းချမ်းအေးက မေးကြည့်ထားပါတယ်။